အချက်အလက်များ ဆွဲယူနေပါသည်...
အင်အားပြင်းငလျင်ကြီးများ (M 6.0+)
ငလျင်လှုပ်နေစဉ် လိုက်နာရမည့် ဘေးကင်းရေး အချက်များ
⚠️ သတိပြုရန် - ငလျင်ဘေးအန္တရာယ်၏ သဘောသဘာဝအရ ကြိုတင်ခန့်မှန်းသိရှိနိုင်ခြင်း မရှိသည့်အတွက် အချိန်မီသတိပေးနိုင်မှုအပေါ် အာမခံချက် (Guarantee) မပေးနိုင်ပါ ။ ဘေးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို အထောက်အကူပြု စောင့်ကြည့်နိုင်ရန်သာ ရည်ရွယ်ပါသည်။ အရေးပေါ်အခြေအနေများတွင် သက်ဆိုင်ရာ တရားဝင်အဖွဲ့အစည်းများ၏ သတိပေးချက်များနှင့် လမ်းညွှန်ချက်များကို ဦးစားပေး လိုက်နာပါ ။
၁။ 🏠 အဆောက်အအုံအတွင်း ရောက်နေလျှင်
- ဝပ်ပါ: ကြမ်းပြင်ပေါ်သို့ ချက်ချင်း ဝပ်ချပါ။
- ကာပါ: ခိုင်ခံ့သော စားပွဲ သို့မဟုတ် ကုတင်အောက်သို့ ဝင်၍ သင့်ခေါင်းကို လက်ဖြင့် ကာကွယ်ထားပါ။
- ကိုင်ထားပါ: ငလျင်လှုပ်ရပ်သွားသည်အထိ စားပွဲတိုင်ကို မြဲမြံစွာ ကိုင်ထားပါ။
- မှန်များ၊ ဗီရိုများ၊ လျှပ်စစ်အန္တရာယ်ပြုပစ္စည်းများနှင့် ဝေးဝေးနေပါ။ ဓာတ်လှေကား လုံးဝ မသုံးပါနှင့်။
၂။ 🚶 အပြင်ဘက် ရောက်နေလျှင်
- အဆောက်အအုံများ၊ သစ်ပင်ကြီးများ၊ လျှပ်စစ်မီးတိုင်များနှင့် ဝေးရာ ကွင်းပြင်သို့ အမြန်သွားပါ။
- ငလျင်လှုပ်ရပ်သည်အထိ မြေပြင်တွင် ဝပ်နေပါ။
၃။ 🚗 ယာဉ်မောင်းနှင်နေစဉ် ကြုံတွေ့ရပါက
- ဘေးကင်းသော နေရာသို့ ကားကို ချက်ချင်း ရပ်တန့်ပါ။ သစ်ပင်များ၊ ဓာတ်တိုင်များ၊ တံတားများအောက်တွင် မရပ်ပါနှင့်။
- ငလျင်လှုပ်ရပ်သည်အထိ ကားအတွင်း၌သာ ဆက်နေပါ။
၄။ ⏱️ ငလျင်လှုပ်ပြီးနောက်
- နောက်ဆက်တွဲ ငလျင် (Aftershocks) များ အချိန်မရွေး ထပ်လှုပ်နိုင်သဖြင့် သတိထားပါ။
- မီး၊ ဓာတ်ငွေ့ယိုစိမ့်မှုနှင့် လျှပ်စစ်ဝိုင်ယာကြိုး ပျက်စီးမှုများကို စစ်ဆေးပါ။ ပျက်စီးနေသော အဆောက်အအုံများမှ ချက်ချင်း ထွက်ခွာပါ။
- ငလျင်အင်အားပြင်းပါက ဆူနာမီ (Tsunami) အန္တရာယ်ရှိနိုင်သဖြင့် ကမ်းခြေ သို့မဟုတ် ပင်လယ်နားတွင် ရောက်နေလျှင် ငလျင်လှုပ်ပြီးသည်နှင့် ကုန်းမြင့်ပိုင်းသို့ ချက်ချင်း ပြောင်းရွှေ့ပါ။
၅။ 🎒 ငလျင်မလှုပ်မီ ကြိုတင်ပြင်ဆင်ရန်
- အရေးပေါ်သုံးပစ္စည်းများ : ဆေးဝါး၊ ဓာတ်မီး၊ ရေ၊ အစားအစာ ၊ ရေဒီယိုနှင့် အီလက်ထရောနစ် ဆက်သွယ်ရေးပစ္စည်းတို့ကို အသင့်ပြင်ထားပါ။
- မိသားစု အချင်းချင်းဆက်သွယ်နိုင်ရန် အစီအစဉ် ရေးဆွဲထားပါ။
အခြား စောင့်ကြည့်နိုင်သော နေရာများ
ကျွန်ုပ်တို့၏ စာမျက်နှာများ
အကြောင်းအရာ